Post #211113
86
အဆွေတော်တို့ သိပြီးဖြစ်သည့်အတိုင်း မြန်မာနိုင်ငံတွင် အထူးစီးပွားရေးဇုန်အနေဖြင့် သီလဝါ၊ ထားဝယ်နှင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်များရှိကြောင်း၊ သီလဝါအထူးစီးပွားရေးဇုန်သည် လက်ရှိတွင် အအောင်မြင်ဆုံးဖြစ်သကဲ့သို့ ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်တို့သည်လည်း အနာဂတ်တွင် မဟာဗျူဟာမြောက် အရေးပါလာမည့် စီမံကိန်းများဖြစ်ကြောင်း၊ ထို့ကြောင့် ယခုဇုန်များတွင်လည်း လာရောက်ရင်းနှီးမြှုပ်နှံကြရန် ဖိတ်ခေါ်လိုကြောင်း။ စက်ရုံတည်ဆောက်ခြင်းအဆင့်မှာသာမက Industrial Cluster ဖော်ဆောင်ခြင်း၊ Supplier Network တည်ဆောက်ခြင်း၊ Logistics Hub နှင့် Export Processing Facilities များတည်ဆောက်ခြင်းတို့အထိ တိုးချဲ့ဖော်ဆောင်နိုင်ကြောင်း၊ ယခုကဲ့သို့ Clusterbased Development ပုံစံနှင့် ဆောင်ရွက်နိုင်ပါက မလေးရှားကုမ္ပဏီများနှင့် မြန်မာကုမ္ပဏီများအကြား ရေရှည် Supply Chain ချိတ်ဆက်မှုများကို ပိုမိုဖန်တီးနိုင်မည်ဖြစ်ကြောင်း၊ အဆွေတော်တို့အနေဖြင့် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရာတွင် တည်ဆောက်ပြီး စက်မှုဇုန်များ၊ အထူးစီးပွားရေးဇုန်များတွင်သာမက လုပ်ငန်းလိုအပ်ချက်နှင့် တည်နေရာအားသာချက်ကိုမူတည်ပြီး စွမ်းအင်စီမံကိန်းများ၊ စက်မှုစီမံကိန်းများကို ရင်းနှီးမြှုပ်နှံသူများကိုယ်တိုင် အဆိုပြုတည်ထောင်ဆောင်ရွက်နိုင်ကြောင်း၊ ယခုကဲ့သို့ အကျိုးတူပူးပေါင်းဆောင်ရွက်ရာတွင် MSME လုပ်ငန်းများသည်လည်း နှစ်နိုင်ငံ၏ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့်အခန်းကဏ္ဍတွင် ပါဝင်နေကြောင်း၊ ထို့ကြောင့် MSME လုပ်ငန်းများ၏ commerce စနစ်အကောင်အထည်ဖော်ခြင်း၊ ကျွမ်းကျင်မှု လုပ်ငန်းခွင်သင်တန်းကျောင်းများ ပူးပေါင်းဖွင့်လှစ်ခြင်း၊ MSME စက်မှုထုတ်ကုန်များ ချိတ်ဆက်ပူးပေါင်းထုတ်လုပ်ခြင်းတို့ဖြင့် နှစ်နိုင်ငံအကျိုးရှိမည့် Value Chain တစ်ခုကိုဖန်တီးနိုင်ကြောင်း၊ MSME ပူးပေါင်းဆောင်ရွက်မှုသည်လည်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုကို တိုးမြှင့်ရန်အတွက် နှစ်နိုင်ငံ MSME များအကြား Business Matching Supplier Matching နှင့် Technology Matching အစီအစဉ်များကို ပုံမှန်ကျင်းပပေးနိုင်ပါက အကျိုးရှိမည်ဟုယုံကြည်ကြောင်း၊ ထို့အပြင် မလေးရှားနိုင်ငံ၏ E-commerce နှင့် Digital Business အတွေ့အကြုံများကို မြန်မာ MSME ထုတ်ကုန်များနှင့်ချိတ်ဆက်ပေးခြင်းအားဖြင့် အာဆီယံဈေးကွက်ကို အွန်လိုင်းမှတစ်ဆင့်ဝင်ရောက်နိုင်မည့် အခွင့်အလမ်းများကိုလည်း ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုနှင့်စီးပွားရေးပူးပေါင်းဆောင်ရွက်ရန်အတွက် နောက်ထပ်အရေးပါသည့် ကဏ္ဍတစ်ခုသည် ဘဏ္ဍာရေးဝန်ဆောင်မှုကဏ္ဍဖြစ်ကြောင်း၊ လက်ရှိမလေးရှားနိုင်ငံတွင် မြန်မာရွှေ့ပြောင်းလုပ်သားများ များစွာရှိနေသည့်အတွက် Remittance channel အရေးကြီးကြောင်း၊ တရားဝင် channel ကို အသုံးပြုရသည်မှာ ပိုမိုလွယ်ကူပြီး ကုန်ကျစရိတ် သက်သာအောင် ဆောင်ရွက်ပေးနိုင်မည်ဆိုပါက Financial flow ပိုမိုကောင်းမွန်လာပြီး ရွှေ့ပြောင်းလုပ်သားများအတွက်လည်း လုံခြုံစိတ်ချရသည့် ငွေလွှဲလမ်းကြောင်းဖြစ်လာမည်ဟု ယုံကြည်ကြောင်း၊ ထို့ကြောင့် ဘဏ်များ၊ ငွေလွှဲဝန်ဆောင်မှုလုပ်ငန်းများနှင့် FinTech ကုမ္ပဏီများအကြားပူးပေါင်းပြီး ငွေပေးချေမှုနှင့် ငွေလွှဲဝန်ဆောင်မှုများကို လုံခြုံ၊ မြန်ဆန်၊ ပွင့်လင်းပြီး သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်ကိုက်ညီသည့် Digital Payment နှင့် တရားဝင်ငွေကြေးလွှဲပြောင်းမှု (Remittance) များ ဖော်ဆောင်နိုင်မည်ဆိုပါက နှစ်ဖက်အကျိုးရှိနိုင်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများဖြစ်ကြောင်းကို ပြောကြားလိုကြောင်း၊ ထို့အတွက် မြန်မာနိုင်ငံနှင့် မလေးရှားနိုင်ငံတို့အကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမိုတိုးတက်လာစေရန် နှစ်နိုင်ငံဘဏ်များအကြား ချိတ်ဆက်ဆောင်ရွက်မှု တိုးမြှင့်ခြင်း၊ နယ်စပ်ဖြတ်ကျော် ငွေပေးချေမှုနှင့် ငွေရှင်းစနစ်များ ဖွံ့ဖြိုးတိုးတက်စေခြင်း၊ ကုန်သွယ်မှုဆိုင်ရာ ငွေကြေးဝန်ဆောင်မှုများတိုးချဲ့ခြင်းနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား (MSMEs) စီးပွားရေးလုပ်ငန်းများအတွက် ငွေကြေးအထောက်အပံ့များ ပိုမိုရရှိစေရေးတို့ကို ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ထို့အပြင် မလေးရှားနိုင်ငံ၏ ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်း၊ ငွေပေးချေမှုနည်းပညာနှင့် ဘဏ်လုပ်ငန်းဆိုင်ရာအန္တရာယ်စီမံခန့်ခွဲမှု အတွေ့အကြုံကောင်းများကို မြန်မာနိုင်ငံနှင့်မျှဝေခြင်း၊ နှစ်နိုင်ငံဘဏ်များအကြား နည်းပညာနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးအစီအစဉ်များ ဆောင်ရွက်ခြင်းနှင့် နှစ်ဖက်အကျိုးဖြစ်ထွန်း စေမည်ဟု ယုံကြည်မိကြောင်း။