TGViewer
MOI MOI @iprdrnd · 20.4K subscribers
Post #211001 140

Forwarded from PPIB.Official

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် မလေးရှားနိုင်ငံသို နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ် စတင်ထွက်ခွာ

နေပြည်တော်၊ အောက်တိုဘာ ၇

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်သည် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတို ဆရီ အန်နဝါ ဘင် အီဘရာဟင်၏ ဖိတ်ကြားချက်အရ မလေးရှားနိုင်ငံသို တရားဝင်ခရီးစဉ် (Official Visit) သွားရောက်ရန် ယနေ့ အောက်တိုဘာ ၇ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ တပ်မတော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် စတင်ထွက်ခွာခဲ့ပါသည်။

နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲအား တပ်မတော်လေဆိပ်၌ ပြည်ထောင်စုအစိုးရအဖွဲမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံရုံးမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များက ပိုဆောင်နှုတ်ဆက်ခဲ့ကြပါသည်။

ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် မလေးရှားနိုင်ငံ ဝန်ကြီးချုပ်နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံအဆင့်မြင့် ဆွေးနွေးပွဲများ ပြုလုပ်သွားမည်ဖြစ်ပါသည်။
PPIB Links
Youtube | Tiktok | Telegram | Website |  X(Twitter)
  • 👍 4
  • ❤ 2
More from @iprdrnd
  1. Oct 7, 2026ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ မလေးရှားနိုင်ငံသို့ နိုင်ငံတော်အဆင့် တရ…
  2. Oct 7, 2026ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မလေးရှားနိုင်ငံသို့ တ…
  3. Oct 6, 2026လွှတ်တော်ရေးရာ အဖြာဖြာ (၆-၁၀-၂၀၂၆)
  4. Oct 6, 2026လားရှိုးမြို့၊ နယ်မြေ(၄)၊ သီရိမဟာရပ်ကွက်၊ ဗျူဟာလမ်းရှိ အဆောင်တစ်ခု၌ အွန်လိုင်းလိမ်လည် လောင…
  5. Oct 6, 2026မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော် အရိုးရောဂါအထူးကု ဆေးရုံကြီးတွင် ဘယ်ဘက်ပခုံးအဆစ်မှ လုံးဝပြတ်…
  6. Oct 6, 2026မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံ ခရီးသွားဈေးကွက် မြှင့်တင်ရေ…
Threads Profile ViewerView any public Threads profile without an account.Open ThreadLook →Writing with AI? Make it sound human.Metric37 rewrites AI drafts so they read naturally. Free AI detector, 1,500 words free.Try Metric37 →