ချင်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် နှစ်(၆၀)ပြည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနား တက်ရောက်
======================
ချင်း၊ အောက်တိုဘာလ (၅)ရက်၂၀၂၆ ခုနှစ် နှစ်(၆၀)ပြည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားကို အောက်တိုဘာလ(၅)ရက်က ချင်းပြည်နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
အခမ်းအနားသို့ ချင်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးမြတ်စံ၊ ပြည်နယ်စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာလျန်ဇခုပ်၊ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဝင်းဇော်ဦး၊ ပြည်နယ်ဥပဒေချုပ်
ဦးကပ်တလွန်း၊ ပြည်နယ်ပညာရေးမှူး ဦးရွှေလိန်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကျောင်းအုပ် ဆရာကြီးများ၊ ဆရာ၊ ဆရာမများ၊ ဆုရကျောင်းသား၊ ကျောင်းသူများနှင့် အသက်(၇၀)နှစ်နှင့်အထက် ဆရာကြီး၊ ဆရာမကြီးများ တက်ရောက်သည်။
ရှေးဦးစွာ ဟားခါးမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူများက “မြတ်ဆရာ” သီချင်းဖြင့်သီဆိုဖျော်ဖြေပြီး နှစ်(၆၀)ပြည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားကို ဖွင့်လှစ်သည်။
ထို့နောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ၊ အဂ္ဂမဟာသရေစည်သူ အဂ္ဂမဟာသီရိသုဓမ္မ ဦးမင်းအောင်လှိုင် ပေးပို့သည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် သဝဏ်လွှာကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ဖတ်ကြားသည်။
ဆက်လက်ပြီး ကုလသမဂ္ဂလက်အောက်ခံအဖွဲ့(၅)ဖွဲ့၏ အဖွဲ့ခေါင်းဆောင်များက ပေးပို့သော စုပေါင်းသဝဏ်လွှာကို ပြည်နယ်ပညာရေးမှူး ဦးရွှေလိန်းက ဖတ်ကြားပြီး၊ ဟားခါးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူများက “ပညာသည်သာ ရတနာ” သီချင်းဖြင့် သီဆိုဖျော်ဖြေသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးက ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယရရှိသည့်ကျောင်းသား၊ ကျောင်းသူများကို လည်းကောင်း၊
ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးက အထက်တန်းအဆင့်နှင့်အလယ်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယရရှိသည့်ကျောင်းသား၊ ကျောင်းသူများကို လည်းကောင်း ဆုများပေးအပ်ချီးမြှင့်သည်။
ဆက်လက်ပြီး အသက်(၇၀)နှစ်နှင့်အထက် ဆရာကြီး၊ ဆရာမကြီးများအား ပြည်နယ်ပညာရေးမှူး ဦးရွှေလိန်းနှင့် ကျောင်းသား၊ ကျောင်းသူများက ကန်တော့လက်ဆောင်များပေးအပ်ပြီး ပူဇော်ကန်တော့ကြကြောင်း သတင်းရရှိသည်။
#ဟားခါးသတင်းဌာနခွဲ
Post #210783
285
Forwarded from MRTV
- 👍 1