据了解,10月17日,克伦邦水沟谷(Shwe Kokko)第二开发区内,一栋曾被用于网络诈骗和网络赌博活动的非法5层建筑已被彻底拆除。
据悉,该建筑是通过使用重型机械进行拆除的,另一栋5层的建筑目前也已完成了80%的拆除工作。
目前,水沟谷第二开发区内仍有63栋待拆除的建筑,有关部门正根据实际情况分类采取机械拆除、爆破拆除以及人工逐层拆除等不同方式进行处理。
截至10月17日,仍有58栋建筑等待拆除,这些建筑也将被陆续拆除。
缅文
''ရွှေကုက္ကိုလ်မှာ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေအတွက် အသုံးပြုခဲ့တဲ့ ၅ ထပ်အဆောက်အအုံတစ်လုံး ဖြိုချပြီးစီး''
CNA
၂၀၂၆ အောက်တိုဘာ ၁၇
ကရင်ပြည်နယ်၊ ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းမှာ အွန်လိုင်းလိမ်လည်မှုနဲ့ အွန်လိုင်းလောင်းကစားလုပ်ငန်းတွေအတွက် အသုံးပြုခဲ့တဲ့ တရားမဝင် ၅ ထပ်အဆောက်အအုံတစ်လုံးကို အောက်တိုဘာ ၁၇ ရက်မှာ အပြီးတိုင် ဖြိုချနိုင်ခဲ့တယ်လို သိရပါတယ်။
အဆိုပါအဆောက်အအုံကို ယာဉ်ယန္တရားတွေ အသုံးပြုပြီး ဖြိုချခဲ့တာဖြစ်ပြီး နောက်ထပ် ၅ ထပ်အဆောက်အအုံတစ်လုံးကိုလည်း ဖြိုချနေရာမှာ ၈၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ပါတယ်။
ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းမှာ ဖြိုချဖိုကျန်ရှိနေတဲ့ အဆောက်အအုံ ၆၃ လုံးကို ယာဉ်ယန္တရားအသုံးပြုဖြိုချခြင်း၊ ဖောက်ခွဲဖြိုချခြင်းနဲ့ လူအင်အားအသုံးပြုပြီး တစ်လွှာချင်းဖြိုချခြင်း စတဲ့ နည်းလမ်းတွေအလိုက် ခွဲခြားသတ်မှတ်ကာ ဆောင်ရွက်နေတာဖြစ်ပါတယ်။
အောက်တိုဘာ ၁၇ ရက်အထိ ဖြိုချဖိုကျန်ရှိတဲ့ အဆောက်အအုံ ၅၈ လုံးရှိနေသေးပြီး အဲဒီအဆောက်အအုံတွေကိုလည်း ဆက်လက်ဖြိုချသွားမယ်လို သိရပါတယ်။
关注吴京时报频道➡️ @ygx32 投稿:@huim1







