TGViewer
Head of State Head of State @leaderaung · 12K subscribers
Post #4083 135
မလေးရှားနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ် သွားရောက်ခဲ့သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ နေပြည်တော်သို့ ပြန်လည်ရောက်ရှိ

မလေးရှားနိုင်ငံ ဝန်ကြီးချုပ်  ဒါတို ဆရီ အန်နဝါ ဘင် အီဘရာဟင်၏ ဖိတ်ကြားချက်အရ မလေးရှားနိုင်ငံသို့ တရားဝင်ခရီးစဉ်(Official Visit) သွားရောက်ခဲ့သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ အောက်တိုဘာ ၈ ရက် မွန်းလွဲပိုင်းတွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာလာရာ နေပြည်တော်လေဆိပ်သို့ ပြန်လည်ရောက်ရှိသည်။

နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်လေဆိပ်၌ ပြည်ထောင်စုအစိုးရအဖွဲ့တာဝန်ရှိသူများနှင့် ရန်ကုန်မြို့အခြေစိုက် မလေးရှားနိုင်ငံသံရုံးမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

Website

YouTube

TikTok

X(Twitter)

Facebook

Telegram
  • ❤ 9
More from @leaderaung
  1. Oct 8, 2026မလေးရှားနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ် သွားရောက်ခဲ့သည့် ပြည်ထောင်စုသမ္မတမြန်မ…
  2. Oct 8, 2026ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ အပြည်ပြည်ဆိ…
  3. Oct 8, 2026ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ မြန်မာ-မလေးရှား ပူးပေါင်းဆောင်ရွက်ရေး ဆ…
Threads Profile ViewerView any public Threads profile without an account.Open ThreadLook →Writing with AI? Make it sound human.Metric37 rewrites AI drafts so they read naturally. Free AI detector, 1,500 words free.Try Metric37 →