TGViewer
MOI MOI @iprdrnd · 20.4K subscribers
Post #210976 78
တပ်ဖွဲ့၏တာဝန်များကိုထမ်းဆောင်ရာတွင် နိုင်ငံတော်၏ ပင်လယ်ရေကြောင်းအကျိုးစီးပွားများကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခြင်းနှင့် ပင်လယ်ရေကြောင်းတရားဥပဒေစိုးမိုးရေး ဆောင်ရွက်ခြင်းအပြင် ပင်လယ်ရေကြောင်းလုံခြုံရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေးစသည့်တာဝန်များကိုလည်း ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း၊ ယင်းတာဝန်များသည် တပ်ဖွဲ့စတင်ဖွဲ့စည်းစဉ်ကပင် သတ်မှတ်ပေးထားသည့် တပ်ဖွဲ့၏စွမ်းရည်များပင်ဖြစ်ကြောင်း။

ရေကြောင်းသွားလာသူများကို မြန်မာ့ပင်လယ်ပြင်အတွင်း ရေလုပ်သားနှင့်အကာအကွယ်ပေးရေး၊ ပင်လယ်ပြင်ရှာဖွေကယ်ဆယ်ရေးနှင့် လူသားချင်းစာနာအကူအညီပေးရေး၊ တရားမဝင် မှောင်ခိုလုပ်ငန်းနှင့် အကောက်အခွန်မဲ့ပစ္စည်းတားဆီးကာကွယ်ရေး၊ ပင်လယ်ဓားပြတားဆီးကာကွယ်ရေး၊ လူမှောင်ခို၊ မူးယစ်ဆေးဝါးနှင့်လက်နက်ခဲယမ်းမှောင်ခို တားဆီးကာကွယ်ရေးတာဝန်များအပြင် နိုင်ငံတော်၏ ပင်လယ်ရေကြောင်းထိန်းချုပ်နေရာကာကွယ်ရေး(Choke Point Control)နှင့် သံတမန်ရေးတာဝန်များကို တပ်မတော်(ရေ)၊ ရေကြောင်းရဲတပ်ဖွဲ့များနှင့် ဟန်ချက်ညီစွာ လက်တွဲဖော်ဆောင်သွားကြရန်လိုကြောင်း။

ကမ်းခြေစောင့်တပ်ဖွဲ့ဝင် အရာရှိ၊ စစ်သည်များကို ထိုကဏ္ဍများတွင် လက်တွေ့ကျွမ်းကျင်ပိုင်နိုင်စွာ တာဝန်ထမ်းဆောင်နိုင်ရန်အတွက် ပြည်တွင်း၊ပြည်ပသင်တန်းများ စေလွှတ်ပြီး သင်ကြားလေ့ကျင့်ပေးလျက်ရှိကြောင်း၊ ထို့ကြောင့်တပ်ဖွဲ့ဝင်များအနေဖြင့် ကမ်းခြေစောင့်တပ်ဖွဲ့ဝင်များတွင်ရှိသင့်သည့် စွမ်းရည်မြင့်မားမှု၊ နိုင်ငံတကာသုံးဘာသာစကားဆိုင်ရာ ကျွမ်းကျင်မှုနှင့် ပင်လယ်ရေကြောင်းဥပဒေဆိုင်ရာ ကျွမ်းကျင်မှုများရှိအောင် ကြိုးစားသင်ယူနေကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း ကမ်းခြေစောင့်တပ်ဖွဲ့အတွက် ကမ်းလွန်ကင်းလှည့်ရေယာဉ်များ၊ အမြန်သွားကင်းလှည့်ရေယာဉ်များနှင့်ရေယာဉ်ငယ်များကို ဖြည့်တင်းပေးလျက်ရှိကြောင်း။

မြန်မာ့ပင်လယ်ရေကြောင်း အကျိုးစီးပွားများကို ထိထိရောက်ရောက်ထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် ဥပဒေနှင့်အညီခိုင်မာစွာရပ်တည်ဆောင်ရွက်နိုင်အောင် နိုင်ငံတော်အနေဖြင့် ကမ်းခြေစောင့်တပ်ဖွဲ့ဥပဒေကို ၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့တွင် အတည်ပြုပြဋ္ဌာန်းပေးခဲ့ပြီးဖြစ်ကြောင်း၊ တပ်ဖွဲ့ဝင်များအနေဖြင့် ကမ်းခြေစောင့်တပ်ဖွဲ့ဥပဒေနှင့်အညီ တည်ကြည်ဖြောင့်မတ်ခိုင်မာစွာ မြန်မာ့ပင်လယ်ရေကြောင်းအကျိုးစီးပွားများ၊ ပင်လယ်ပြာစီးပွားရေးလုပ်ငန်းများနှင့် အဏ္ဏဝါဂေဟစနစ်နှင့်သယံဇာတများကို ဂရုတစိုက်ထိန်းသိမ်းကာကွယ်စောင့်ရှောက်ကြရမည်ဖြစ်ကြောင်း။

ထိုသို့ဆောင်ရွက်နိုင်မှသာ “Good Order at Sea” “ပင်လယ်ပြင်ငြိမ်ဝပ်ပိပြားမှု စနစ်တကျရှိစေရေး” ဆိုသည့် တပ်ဖွဲ့၏စွမ်းဆောင်ရည် လုပ်ငန်းတာဝန်ကိုလည်း ကျေပွန်နိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် ကမ်းရိုးတန်းနိုင်ငံများ၏ စီရင်ပိုင်ခွင့်အာဏာအတွက်အရေးပါသည့် နိုင်ငံတော်က သဘောတူလက်မှတ်ရေးထိုးထားသည့် အပြည်ပြည်ဆိုင်ရာရေကြောင်း ဥပဒေ၊ ကွန်ဗင်းရှင်းများနှင့် နောက်ဆက်တွဲစာချုပ်များကိုလည်း အကောင်အထည်ဖော်နိုင်မည်ဖြစ်ကာ “Good Governance at Sea” ဆိုသည့် “ပင်လယ်ပြင်မှာ ကောင်းမွန်တရားမျှတသော ဥပဒေစိုးမိုးစေရေး” တာဝန်ကိုလည်း ကျေပွန်စွာထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း။

တပ်ဖွဲ့ဝင်များအနေဖြင့် ကမ်းခြေစောင့်တပ်ဖွဲ့၏ရည်ရွယ်ချက်များကို အလေးအနက်ထား အကောင်အထည်ဖော်ပြီး ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုနိုင်ငံတော်တည်ဆောက်ရာတွင် နိုင်ငံတော်၏ ပင်လယ်ရေကြောင်းအကျိုးစီးပွားနှင့် ရေကြောင်းသယံဇာတများ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးတာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ကြရန်၊ နိုင်ငံတော်က အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ပင်လယ်ရေကြောင်းအဆောက်အအုံများနှင့် ပင်လယ်ပြာစီးပွားရေးလုပ်ငန်းများနှင့် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများတွင် ပေးအပ်သည့်တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ကြရန်လိုကြောင်း။

ကမ်းခြေစောင့်တပ်ဖွဲ့၏ တာဝန်များကိုထမ်းဆောင်ကြရာတွင် နိုင်ငံတော်၏ အချုပ်အခြာအာဏာ၊ တရားဥပဒေစိုးမိုးရေးနှင့် တရားစီရင်ပိုင်ခွင့် တည်တံ့ခိုင်မြဲရေးကို အလေးအနက်ထားအကောင်အထည်ဖော်ဆောင်ရွက်ကြရန်နှင့် စွမ်းရည်ထက်မြက်ရေးနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားပြီး နိုင်ငံတကာကမ်းခြေစောင့်တပ်ဖွဲ့များနှင့် ရင်ပေါင်တန်းနိုင်အောင် ကြိုးစားဆောင်ရွက်ကြရန်လိုကြောင်း၊ ရှည်လျားသည့်ကမ်းရိုးတန်းနှင့် ကျယ်ဝန်းသည့် မြန်မာ့ရေပြင်နယ်နိမိတ်တစ်လျှောက် အချိန်မရွေး၊ နေရာမရွေးပေါ်ပေါက်လာနိုင်သည့် သမားရိုးကျမဟုတ်သော ခြိမ်းခြောက်မှုတိုင်းကို တားဆီးကာကွယ်နိုင်စွမ်းရှိပြီး မြန်မာ့ပင်လယ်ပြင်ကို လုံခြုံဘေးကင်းသည့် ပင်လယ်ပြင်၊ တည်ငြိမ်အေးချမ်းသည့်ပင်လယ်ပြင်၊ သန့်ရှင်းသည့်ပင်လယ်ပြင်၊ ပိုမိုထုတ်လုပ်နိုင်စွမ်းရှိသည့် ပင်လယ်ပြင်တစ်ခုဖြစ်အောင် ကြိုးပမ်းတည်ဆောက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားသည်။
More from @iprdrnd
  1. Oct 6, 2026လွှတ်တော်ရေးရာ အဖြာဖြာ (၆-၁၀-၂၀၂၆)
  2. Oct 6, 2026လားရှိုးမြို့၊ နယ်မြေ(၄)၊ သီရိမဟာရပ်ကွက်၊ ဗျူဟာလမ်းရှိ အဆောင်တစ်ခု၌ အွန်လိုင်းလိမ်လည် လောင…
  3. Oct 6, 2026မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော် အရိုးရောဂါအထူးကု ဆေးရုံကြီးတွင် ဘယ်ဘက်ပခုံးအဆစ်မှ လုံးဝပြတ်…
  4. Oct 6, 2026မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံ ခရီးသွားဈေးကွက် မြှင့်တင်ရေ…
  5. Oct 6, 2026အကြိမ်(၂၀)မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအတွက် သမိုင်းဝင် အာရှရွှေတံဆိပ်ဆု ဆ…
  6. Oct 6, 2026ဧရာဝတီတိုင်းဒေသကြီးအတွင်း မြို့နယ်(၅)မြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအား ပြည်သူ့ကျန်းမာရေးန…
Threads Profile ViewerView any public Threads profile without an account.Open ThreadLook →Writing with AI? Make it sound human.Metric37 rewrites AI drafts so they read naturally. Free AI detector, 1,500 words free.Try Metric37 →