TGViewer
MOI MOI @iprdrnd · 20.4K subscribers
Post #210975 88
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီးကျော်စွာလင်း ကမ်းခြေစောင့်တပ်ဖွဲ့(၅)နှစ်မြောက် တပ်နှစ်ပတ်လည်နေ့အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် အောက်တိုဘာ ၆

မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းခြင်း၏ (၅)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် သန်လျင်တပ်နယ် ကမ်းခြေစောင့်တပ်ဖွဲ့ကွပ်ကဲမှုဌာနချုပ်၌ ကျင်းပပြုလုပ်ရာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း တက်ရောက်အမှာစကားပြောကြားသည်။
အခမ်းအနားသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ကမ်းခြေစောင့်တပ်ဖွဲ့ညွှန်ကြားရေးမှူးချုပ်နှင့် ရေတပ်စခန်းဌာနချုပ်များမှ ဌာနချုပ်မှူးများ၊ တပ်မတော်(ရေ)နှင့်ကမ်းခြေစောင့်တပ်ဖွဲ့မှ အရာရှိ၊ စစ်သည်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အခမ်းအနားအစီအစဉ်အရ တပ်ဖွဲ့ဖွဲ့စည်းခြင်း (၅)နှစ်မြောက်နှစ်ပတ်လည်နေ့အထိမ်းအမှတ် Recreation Center ဖွင့်ပွဲကို ကျင်းပပြုလုပ်ရာ ဦးစွာတာဝန်ရှိသူတစ်ဦးက အဆိုပါအဆောက်အအုံတည်ဆောက်ခဲ့မှုနှင့်ပတ်သက်၍ အကျဉ်းချုပ်ရှင်းလင်းတင်ပြသည်။

ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က Recreation Center အား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးပြီး ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးသည်။

ဆက်လက်၍ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းက ကမ်းခြေစောင့်တပ်ဖွဲ့တည်ထောင်ခြင်း (၅)နှစ်ပြည့်အထိမ်းအမှတ်တပ်နှစ်ပတ်လည်နေ့အခမ်းအနား၌ ဂုဏ်ပြုအမှာစကားပြောကြားရာတွင် နိုင်ငံတော်အကြီးအကဲက အမြော်အမြင်ကြီးမားစွာဖြင့် မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ကို ၂၀၂၁ ခုနှစ်တွင် စတင်ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် အတွင်းပိုင်းရေပြင်မှ သီးသန့်စီးပွားရေးဇုန်အထိဧရိယာအတွင်း ရေကြောင်းဆိုင်ရာလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာလုပ်ငန်းများအား တာဝန်ခံစီမံကွပ်ကဲဆောင်ရွက်ရန်၊ အမျိုးသားရေကြောင်းအကျိုးစီးပွားများအား ကာကွယ်စောင့်ရှောက်ရန်၊ ပင်လယ်ပြင်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန်၊ ပင်လယ်ဖြတ်ကျော်မှုခင်းများနှိမ်နင်းရန်၊ သတင်းအချက်အလက်များဖလှယ်ရန်၊ နိုင်ငံတကာကမ်းခြေစောင့်တပ်ဖွဲ့များနှင့်ချိတ်ဆက်ပြီး သံတမန်ဆက်ဆံရေးတိုးမြှင့်ဆောင်ရွက်ရန်နှင့် စစ်မက်ကာလတွင် တပ်မတော်(ရေ)အား အထောက်အကူပြုရန် စသည့်ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းပေးထားခြင်းဖြစ်ကြောင်း။

နိုင်ငံတော်၏ ပင်လယ်ရေကြောင်းဆိုင်ရာ အမျိုးသားအကျိုးစီးပွားနှင့် အဏ္ဏဝါပတ်ဝန်းကျင်ဆိုင်ရာ ဘေးကင်းလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးတို့အတွက် ပင်မကမ်းခြေကမ်းရိုးတန်းမှ သီးသန့်စီးပွားရေးဇုန်အထိ ရေပြင်၊ ဝေဟင်နှစ်ရပ်စလုံးမှ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်နိုင်စွမ်းရှိသည့် အရည်အချင်းပြည့်ဝသော ကမ်းခြေစောင့်တပ်ဖွဲ့ဖြစ်လာရမည်ဆိုသည့် မျှော်မှန်းချက်အမြင်ဖြင့် တည်ထောင်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ မိမိတို့မြန်မာ့ပင်လယ်ပြင်သည် နိုင်ငံတော်၏ ကုန်သွယ်ရေး National Trade အတွက်အရေးပါသည့် အသက်သွေးကြောဖြစ်သကဲ့သို့ အင်ဒို-ပစိဖိတ်ဒေသနှင့် အိန္ဒိယသမုဒ္ဒရာ၊ အရှေ့တောင်အာရှနှင့်တောင်အာရှ၊ ကမ္ဘာ့လူဦးရေအများဆုံး နိုင်ငံကြီးများဖြစ်သော တရုတ်နှင့်အိန္ဒိယတို့ကို ဆက်သွယ်ပေးထားသည့် ပထဝီနိုင်ငံရေးပေါင်းကူးဆက်စပ်ရပ်ဝန်းလည်းဖြစ်ကြောင်း။

ယနေ့အချိန်တွင် မိမိတို့နိုင်ငံသည် ပြည်သူလူထုက ဒီမိုကရေစီနည်းလမ်းတကျရွေးချယ်တင်မြှောက်သည့် နိုင်ငံတော်အစိုးရသစ်၏ ဦးဆောင်မှုနှင့်အတူ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသောပြည်ထောင်စုကို တည်ဆောက်လျက်ရှိကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် မိတ်ဖက်နိုင်ငံများနှင့် မဟာဗျူဟာမြောက်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရေး ဦးစားပေးဆောင်ရွက်လျက်ရှိပြီး ထိုသို့ပူးပေါင်းဆောင်ရွက်မှုများတွင် ပင်လယ်ရေကြောင်းကဏ္ဍများနှင့် ပင်လယ်ပြာစီးပွားရေးလုပ်ငန်းများလည်း အများအပြားပါဝင်လျက်ရှိကြောင်း။

ပင်လယ်ရေကြောင်းဆိုင်ရာကိစ္စရပ်များသည် ကျယ်ပြန့်နက်နဲသည့် နိုင်ငံတကာရေးရာကိစ္စရပ်များ၊ ဥပဒေကြောင်းဆိုင်ရာကိစ္စရပ်များ၊ နည်းပညာစံနှုန်းဆိုင်ရာကိစ္စရပ်များ၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်ဆက်နွှယ်နေသည်ကိုလည်း သတိပြုကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ပင်လယ်ရေကြောင်းဆိုင်ရာ မူလစွမ်းရည် Maritime Potential ကို ထိရောက်စွာအသုံးချနိုင်ပြီး ပင်လယ်ရေကြောင်းဆိုင်ရာကဏ္ဍများတွင် နိုင်ငံတော်၏ပုံရိပ်ကောင်းနှင့်အတူ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုလည်း ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း။
More from @iprdrnd
  1. Oct 6, 2026လွှတ်တော်ရေးရာ အဖြာဖြာ (၆-၁၀-၂၀၂၆)
  2. Oct 6, 2026လားရှိုးမြို့၊ နယ်မြေ(၄)၊ သီရိမဟာရပ်ကွက်၊ ဗျူဟာလမ်းရှိ အဆောင်တစ်ခု၌ အွန်လိုင်းလိမ်လည် လောင…
  3. Oct 6, 2026မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော် အရိုးရောဂါအထူးကု ဆေးရုံကြီးတွင် ဘယ်ဘက်ပခုံးအဆစ်မှ လုံးဝပြတ်…
  4. Oct 6, 2026မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံ ခရီးသွားဈေးကွက် မြှင့်တင်ရေ…
  5. Oct 6, 2026အကြိမ်(၂၀)မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအတွက် သမိုင်းဝင် အာရှရွှေတံဆိပ်ဆု ဆ…
  6. Oct 6, 2026ဧရာဝတီတိုင်းဒေသကြီးအတွင်း မြို့နယ်(၅)မြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအား ပြည်သူ့ကျန်းမာရေးန…
Threads Profile ViewerView any public Threads profile without an account.Open ThreadLook →Writing with AI? Make it sound human.Metric37 rewrites AI drafts so they read naturally. Free AI detector, 1,500 words free.Try Metric37 →