TGViewer
MOI MOI @iprdrnd · 20.4K subscribers
Post #210972 123
ရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင်အဆောက်အအုံများအား ဒုတိယပိုင်းအနေဖြင့် စနစ်တကျထပ်မံဖြိုချဖျက်ဆီး

နေပြည်တော် အောက်တိုဘာ ၆

နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုနှင့်အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိကာ ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ နိုင်ငံအတွင်းလုံးဝအခြေမချနိုင်သည်အထိ ထိထိရောက်ရောက် ရှာဖွေစစ်ဆေးနှိမ်နင်းခြင်းများကိုဆောင်ရွက်လျက်ရှိရာ ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများလုပ်ကိုင်ခဲ့သည့် တရားမဝင်အဆောက်အအုံများအနက် ဖျက်ဆီးရန်ကျန်ရှိသည့်အဆောက်အအုံများကို ယနေ့တွင် ဒုတိယပိုင်းအနေဖြင့် စတင်ဖြိုချဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုနှင့်အွန်လိုင်းလိမ်လည်လောင်းကစားမှုများ အများဆုံးအခြေချလုပ်ကိုင်လျက်ရှိကြသည့် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိ တရားမဝင်အဆောက်အအုံများအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများ လုပ်ကိုင်ခြင်းမရှိစေရေး သတင်းကွင်းဆက်များရယူ အစီအမံများရေးဆွဲ၍ အသေးစိတ်ဝင်ရောက်ရှင်းလင်းခဲ့ရာ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများတွင် အသုံးပြုခဲ့သည့် သိမ်းဆည်းရမိပစ္စည်းများအား စနစ်တကျဖျက်ဆီးခြင်းနှင့် တရားမဝင်အဆောက်အအုံများအား အပြီးတိုင်ဖြိုချဖျက်ဆီးခြင်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဒေသတွင်းတာဝန်ရှိသူများအပါအဝင် အဖွဲ့စုံပါဝင်သည့် ပူးပေါင်းအဖွဲ့များဖြင့် ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ KK Park နယ်မြေအတွင်းရှိ တရားမဝင်အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများလုပ်ကိုင်ရာတွင် အသုံးပြုခဲ့သည့် တရားမဝင်အဆောက်အအုံ ၆၃၅ လုံးအား ရှာဖွေဖော်ထုတ်ဝင်ရောက်ရှင်းလင်းနိုင်ခဲ့ပြီး ယင်းဒေသတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုံးဝပြန်လည်အခြေမချနိုင်စေရေးအတွက် အဆိုပါအဆောက်အအုံများအား အပြီးတိုင်ဖြိုချဖျက်ဆီးခြင်းများကို အပိုင်း(၁၊ ၂၊ ၃)သတ်မှတ်၍ ဆောင်ရွက်ခဲ့ရာ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၉ ရက်တွင် ရာနှုန်းပြည့်စနစ်တကျဖြိုချဖျက်ဆီးခဲ့ပြီးဖြစ်ကြောင်းကိုလည်း သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

အလားတူရွှေကုက္ကိုလ်နယ်မြေအတွင်း၌ အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများ လုပ်ကိုင်ခြင်းမရှိစေရေး ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ရာ အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းလုပ်ကိုင်ရာတွင် အသုံးပြုသည့် အဆောက်အအုံ ၁၄၀ လုံးအား စစ်ဆေးဖော်ထုတ်နိုင်ခဲ့သည်။ ၎င်းတို့အားချိတ်ပိတ်၍ အပြီးတိုင်ဖြိုချဖျက်ဆီးခြင်းများကို အဆောက်အအုံအမျိုးအစားအလိုက် ခွဲခြားသတ်မှတ်၍ဆောင်ရွက်ခဲ့ရာ ပထမပိုင်းအနေဖြင့် အဆောက်အအုံ ၇၇ လုံးအား ဇူလိုင် ၂၆ ရက်တွင် စနစ်တကျဖြိုချဖျက်ဆီးခဲ့ပြီးဖြစ်သည်။

ဆက်လက်၍ ဒုတိယပိုင်းအနေဖြင့် ဖြိုချဖျက်ဆီးရန်ကျန်အဆောက်အအုံ ၆၃ လုံးအား ယာဉ်ယန္တရားများဖြင့်ဖြိုချဖျက်ဆီးမည့် အဆောက်အအုံ ၂၅ လုံး၊ ဖောက်ခွဲ၍ဖြိုချဖျက်ဆီးမည့် အဆောက်အအုံ ၄ လုံးနှင့် လူနေအိမ်များနှင့်မလွတ်ကင်း၍ လူအင်အားအသုံးပြုကာ တစ်လွှာချင်းဖြိုချဖျက်ဆီးမည့်အဆောက်အအုံ ၃၄ လုံးဟူ၍ အဆောက်အအုံအမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ပြီး စနစ်တကျထပ်မံဖြိုချဖျက်ဆီးလျက်ရှိရာ ယနေ့တွင်ယာဉ်ယန္တရားများဖြင့် ဖြိုချဖျက်ဆီးမည့်အဆောက်အအုံအမျိုးအစားများမှ ငါးထပ်အဆောက်အအုံ တစ်လုံးအား စနစ်တကျထပ်မံဖြိုချဖျက်ဆီးလျက်ရှိကြောင်း သိရှိရသည်။

ထို့ကြောင့် ရွှေကုက္ကိုလ်နယ်မြေအတွင်း၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့်အဆောက်အအုံ ၁၄၀ လုံးအနက် ၇၇ လုံးအား စနစ်တကျဖြိုချဖျက်ဆီးပြီးဖြစ်၍ ယခုဖြိုချဖျက်ဆီးဆဲတစ်လုံးနှင့် ဖျက်ဆီးရန်ကျန်ရှိသည့် အဆောက်အအုံ ၆၂ လုံးကိုလည်း ဆက်လက်၍စနစ်တကျဖြိုချဖျက်ဆီးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
  • ❤ 2
More from @iprdrnd
  1. Oct 6, 2026လွှတ်တော်ရေးရာ အဖြာဖြာ (၆-၁၀-၂၀၂၆)
  2. Oct 6, 2026လားရှိုးမြို့၊ နယ်မြေ(၄)၊ သီရိမဟာရပ်ကွက်၊ ဗျူဟာလမ်းရှိ အဆောင်တစ်ခု၌ အွန်လိုင်းလိမ်လည် လောင…
  3. Oct 6, 2026မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော် အရိုးရောဂါအထူးကု ဆေးရုံကြီးတွင် ဘယ်ဘက်ပခုံးအဆစ်မှ လုံးဝပြတ်…
  4. Oct 6, 2026မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံ ခရီးသွားဈေးကွက် မြှင့်တင်ရေ…
  5. Oct 6, 2026အကြိမ်(၂၀)မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအတွက် သမိုင်းဝင် အာရှရွှေတံဆိပ်ဆု ဆ…
  6. Oct 6, 2026ဧရာဝတီတိုင်းဒေသကြီးအတွင်း မြို့နယ်(၅)မြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအား ပြည်သူ့ကျန်းမာရေးန…
Threads Profile ViewerView any public Threads profile without an account.Open ThreadLook →Writing with AI? Make it sound human.Metric37 rewrites AI drafts so they read naturally. Free AI detector, 1,500 words free.Try Metric37 →